Title : Sing (2016)
link : Sing (2016)
Sing (2016)
ဘက်စတာမွန်း(Buster Moon)ဆိုတဲ့ ဝက်ဝံပေါက်စလေးတစ်ကောင် ခြောက်နှစ်သားအရွယ်မှာ ဖခင်နဲ့အတူ ဂီတဘွားအေကြီး နာနာနူဒယ်မန်း(Nana Noodleman)ရဲ့ ခမ်းနားတဲ့ပြဇာတ်ရုံမှာသူမရဲ့ ညှို့အားပြင်းတဲ့ အဆိုနဲ့တင်ဆက်မှုကို ကြည့်မိရာက ရင်ထဲမှာ ဂီတကိုချစ်တဲ့စိတ်တွေ ကိန်းအောင်းလာခဲ့တယ်။
တစ်နေ့မှာ သူလည်းဂီတသမားတွေကို မြေတောင်မြှောက်ပေးနိုင်မယ့် ပြဇာတ်ရုံတစ်ခုထူထောင်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကို မွန်းရဲ့အဖေက ကားရေဆေးလုပ်ငန်းကို နှစ်ပေါင်းသုံးဆယ်ကြိုးစားလုပ်ကိုင်ပြီး မွန်းအတွက် ပြဇာတ်ရုံတစ်ခု ဆောက်ပေးခဲ့ပါတယ်။ဂီတကိုရူးသွပ်ရုံသာရှိပါတယ် မွန်းလုပ်သမျှပွဲတွေက အောင်မြင်တယ်လို့ မရှိပါဘူး. . သူ့အလုပ်မှာ ခန့်ထားတဲ့ ဝန်ထမ်းကလည်း အသက်အရွယ်ကြီးရင့်လှပြီဖြစ်တဲ့ ပုတ်သင်ကြီး မစ်ခရော်လေ(Miss Crawly)တစ်ကောင်သာရှိပါတယ်။ ဒီလိုနဲ့ ဆုံးရှုံးမှုတွေကြောင့် သူထောင်ထားတဲ့ မွန်းကဇာတ်ရုံ(Moon Theater)ကိုတောင် ဘဏ်ကအကြွေးနဲ့သိမ်းဖို့အထိဖြစ်လာပါတယ်။
ဒါပေမယ့် စိတ်အားထက်သန်တဲ့မွန်းက ရှိတဲ့ငွေလေးတွေကိုရင်းပြီး ပြဇာတ်က,လာရင်း အကြံတစ်ခုရလာပါတယ်။ မြို့ထဲမှာရှိသမျှ ရွက်ပုန်းသီးလေးတွေကို အဆိုပြိုင်ပွဲလုပ် စပွန်ဆာကောင်းကောင်းရှာ ပြဇာတ်ရုံပြန်ရွေးဖို့ပါ. . .(လက်ရှိမြန်မာပြည်မှာအနေအထားလိုပြောရရင်Moon Idolပေါ့နော်)
အဲ့ဒီပြိုင်ပွဲမှာ Winnerဖြစ်ရင် ဆုငွေဒေါ်လာ1000ပေးမယ်လို့  မစ်ခရော်လေကို လက်ကမ်းစာစောင်မှာ စာစီခိုင်းရာက အလွဲလွဲအချော်ချော်တွေဖြစ်.... သုညနှစ်လုံးပိုသွားပြီး ဒေါ်လာ100,000ဖြစ်သွားပါတယ်။
ဒီအမှားကို ချက်ချင်းမသိလိုက်တဲ့ မွန်းဟာ ပြိုင်ပွဲအတွက်လူရွေးရင်း ရုတ်တရတ်သိလိုက်ရတဲ့အခါ. . .
တုန်လှုပ်သွားပါတယ်။
ကြံရာမရတဲ့အဆုံး ငယ်ငယ်ကသူ့ရဲ့ idolကြီး နာနာ့ကိုသူ့ပြဇာတ်ရုံကိုဖိတ် အစမ်းကပြပြီး နာနာ့ဆီကစပွန်ဆာရှာဖို့ကြံပေမယ့် အလွဲလွဲအချော်ချော်တွေထပ်ဖြစ်ပြီး ပြဇာတ်ရုံပါ မတော်တဆပြိုကျသွားခဲ့ရပြန်ပါတယ်. . .
Animationလေးဆိုပေမယ့် ကျွန်တော်အရမ်းနှစ်သက်တဲ့ကားလေးပါ
အဆိုပြိုင်ပွဲမှာ နာမည်ကြီးသီချင်းတွေပါဝင်တဲ့အတွက် လိုက်ဖက်လှတဲ့ ဇာတ်ကောင်လေးတွေနဲ့တွဲပြီး သင့်ကို အူမြူးစေမှာပါ. . .
ကြည့်ရင်းနဲ့အဆုံးသတ်အထိ တဖြည်းဖြည်းဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး. . .
ဒီကားထဲမှာ အမှတ်ရစရာဇာတ်လမ်းသွားပုံနဲ့ မှတ်သားစရာစကားလေးတွေလည်း ပါဝင်ပါတယ်
ပျော်စရာ လွမ်းစရာ ရသစုံလင်ပြီး နောက်ဆုံးရောက်လေလေ Motivate လုပ်နိုင်စွမ်းရှိလေလေပါပဲ
စိတ်ဓာတ်ခွန်အားတွေပေးပါလိမ့်မယ်. . .
ကဲ
ဇာတ်ကားလေးကို အားပေးလိုက်ရအောင်လား ခင်ဗျာ. . .
ရုပ်ရှင်အညွှန်း - မြင့်သူ (ငှက်ကလေး-နည်းပညာ)
[FORMAT]:………………………….:[ 720p WebRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Comedy, Drama, Animation
[FILE SIZE]:……………………….:[ HD- 1 GB , Small- 440 MB
[RESOLUTION]:………………….:[ 720 x 384, 640 x 340
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 48mins
[Translate By]:……………………..:[ မြင့်သူ (ငှက်ကလေး-နည်းပညာ)
[GENRE]:………………………… .:[ Action, Comedy, Drama, Animation
[FILE SIZE]:……………………….:[ HD- 1 GB , Small- 440 MB
[RESOLUTION]:………………….:[ 720 x 384, 640 x 340
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 48mins
[Translate By]:……………………..:[ မြင့်သူ (ငှက်ကလေး-နည်းပညာ)
thus Article Sing (2016)
that is all articles Sing (2016) This time, hopefully can provide benefits to all of you. Okay, see you in another article posting.
You now read the article Sing (2016) with the link address https://allfilmthere.blogspot.com/2017/03/sing-2016.html
0 Response to "Sing (2016)"
Post a Comment