Title : The Terminal (2004)
link : The Terminal (2004)
The Terminal (2004)
Tom Hanks ခေါင်းဆောင်ပါဝင်တဲ့ ဒီကားက ဟာသကားဆိုပေမဲ့ လူငယ် လူရွယ်များ ဗဟုသုတရနိုင်တဲ့ကားမို့ ရုပ်ရှင်ပရိသတ်အတွက် မိတ်ဆက်ပေးလိုပါတယ်။
အရှေ့ ဥရောပသား Viktor Navorski က အမေရိကားကို ထွက်လာစဉ်က ဗီဇာပါလာပေမဲ့ နယူးယောက်လေဆိပ်ကို ရောက်ချိန်မှာ ပြည်ဝင်ခွင့် ငြင်းဆိုခံလိုက်ရပါတယ်။ အကြောင်းက သူ့တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး အမေရိကားက သံတမန်ဆက်ဆံရေး၊ စီးပွားရေး အားလုံး ရုတ်တရက် ပိတ်ဆို့လိုက်ပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာမသိတဲ့အတွက် သူဟာ ဘယ်အချိန်ပြည်ဝင်ခွင့်ရမယ်ဆိုတာ မပြောနိုင်သလို သူ့ပတ်စပို့ကိုလည်း အမေရိကားက လက်မခံတဲ့အတွက် ပြည်တော်ပြန်လို့လည်းမရဘဲ လေဆိပ်ထွက်ခွါဆောင်မှာပဲ နေဖို့ ဖြစ်လာပါတယ်။
လေဆိပ်အုပ်တာဝန်ခံ Frank က သူကို အစပိုင်းမှာ လေဆိပ်ထဲမှာ နေခိုင်းထားပေမယ့်၊ သူရာထူးတို့ဖို့ အတွက် Review လုပ်မယ့် အဖွဲ့တွေလာတဲ့အခါမှာတော့ Viktor တစ်ယောက် လေဆိပ်ထဲမှာ ရှိနေရင် သူ့အတွက် တာဝန်များတာကြောင့် Viktor ကို လေဆိပ်ထဲက မောင်းထုတ်ဖို့ ကြိုးစားပါတယ်။ သူ့ပတ်စ်ပို့က သုံးမရဖြစ်နေတာကြောင့် တိုင်းပြည်ကို ပြန်လို့မရတဲ့အတွက်၊ သူ့ကိုမောင်းထုတ်ဖို့ဆိုရင် အမေရိကားထဲကို ပေးဝင်ရမှဖြစ်ပါတယ်။
အဲ့ဒီအခါမှာ Frank က Viktor ကို လူအများ လက်ခံလောက်တဲ့ တရားရုံးမှာ ထွက်ပြေးဒုက္ခသည်အနေဖြင့် Asylum နေထိုင်ခွင့်ရဖို့ အကြံပေးပေမဲ့ လူရိုးကြီး Viktor က သူ့တိုင်းပြည်ကို ပြန်ဖို့ ၀န်မလေးကြောင်း ပြန်လည်ချေပပြောဆိုခဲ့ပုံကိုလည်း ဟာသနှောပြီးတင်ဆက်ထားပါတယ်။
ကံကြမ္မာအပြောင်းအလဲကြောင့် လေယာဉ်မယ် Catherine Zeta-Jones ကို ကူညီရင်း သံယောဇဉ်တွယ်မိသလို သူ့ကို ကူညီတဲ့ မိတ်ဆွေများ ရရှိခဲ့ပါတယ်။ Viktor ဟာ သူ့အတွက် ဘယ်မှ ခြေချခွင့်မရှိပေမဲ့ ရေခြားမြေခြားတိုင်းတပါးမှာ ဇွဲမလျှော့ စိတ်မပျက်ဘဲ ကြိုးစားနေထိုင်ပုံ၊ ဘာသာစကားမတတ်သော်လည်း မိတ်ဆွေအပေါင်းအသင်းဖွဲ့ကာ အလုပ်ရှာဖွေ လုပ်ကိုင်ပုံတွေကို ဟာသသဖွယ်ကြည့်ရှုရမှာပါ။
ကြည့်သင့်တဲ့ ကားကောင်းတကားပါ။ Tom Hanks ရဲ့ ပီပြင်တဲ့ မအူမလည် သရုပ်ဆောင်ချက်၊ ဒါရိုက်တာရဲ့ ဇာတ်လမ်းဇာတ်ကွက် ဖန်တီးပုံ အံဝင်ခွင်ကျဖြစ်လို့ ကြည့်ရှုသူပရိသတ်များ သဘာဝကျကျ ရယ်မောရမှာပါ။
ဒီကားမှာ Tom Hanks က အင်္ဂလိပ်စကားမကျွမ်းကျင်တဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အတော် ပီပြင်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။ ဒါအပြင် ဇာတ်လမ်းရဲ့အလှည့်အပြောင်းအနေနဲ့ သူအမေရိကားကို လာရတဲ့ အဓိကရည်ရွယ်ချက်ကို ဇာတ်သိမ်းပိုင်းမှာ ပြထားပြီး သူရဲ့ရည်ရွယ်ချက်က လူအများအတွက် ထူးဆန်းနေပေမယ့် လူရိုးကြီး Viktor ရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားနဲ့ ရှင်းပြတဲ့အခါမှာတော့ မင်းသမီး Catherine Zeta-Jones ကိုသာမက ပရိတ်သတ်ရင်ကိုပါ ထိမှန်စေပါတယ်။
မိသားစုအတူတူ ကြည့်ရှုနိုင်ပါတယ်။ No sex, no nudity, scene of alcoholic and smoking
ရုပ်ရှင်အညွှန်း- #Jisu (ရုပ်ရှင်မိတ်ဆက်)
ဒီဇာတ်ကားကောင်းလေးကို ကွာလတီကောင်းကောင်းနဲ့ HD တကား၊ ဖိုင်ဆိုဒ်အသေးနဲ့တကားတင်ပေးထားပါတယ်။ ဟုတ်ကဲ့ ဘာသာပြန်ဆိုသူကတော့ ဒီကားကိုကြိုက်လွန်းလို့ မြတ်မြတ်နိုးနိုးနဲ့ ဘာသာပြန်တာဆိုတဲ့ မြင့်သူ (ငှက်ကလေး-နည်းပညာ) ဖြစ်ပါတယ်။
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ HD- 975 MB , Small- 476 MB
[RESOLUTION]:………………….:[ 1280 x 688, 640 x 346
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 08mins
[Translate By]:……………………..:[ မြင့်သူ (ငှက်ကလေး-နည်းပညာ)
thus Article The Terminal (2004)
that is all articles The Terminal (2004) This time, hopefully can provide benefits to all of you. Okay, see you in another article posting.
You now read the article The Terminal (2004) with the link address https://allfilmthere.blogspot.com/2017/03/the-terminal-2004.html
0 Response to "The Terminal (2004)"
Post a Comment