Title : Jack Ryan: Shadow Recruit (2014)
link : Jack Ryan: Shadow Recruit (2014)
Jack Ryan: Shadow Recruit (2014)
ဒါပေမယ့် ကျန်မင်းသားတွေ က Jack Ryan (Chris Pine) တစ်ယောက် CIA မှာ နေရာရလာပြီး နောက်ပိုင်း ဘ၀ကို သရုပ်ဆောင်တာဖြစ်ပြီး၊ ဒီကားမှာတော့ သူ့ရဲ့ လူငယ်ဘ၀ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ Jack Ryan က လန်ဒန်မှာ ကျောင်းတက်နေတုန်း၊ New York မှာ 9/11 (World Trade Center ကို အကြမ်းဖက်တိုက်ခိုက်ခံရတဲ့)သတင်း ကိုတွေ့ပြီး ကျောင်းဆက်မတက်တော့ပဲ စစ်ထဲဝင်ပြီး တိုင်းပြည်အတွက် စစ်မှုထမ်းခဲ့ပါတယ်။ အာဖဂန် မှာ စစ်မှုထမ်းနေရင်းနဲ့ ဒဏ်ရာအကြီးအကျယ်ရပြီး အနားယူခဲ့ရပါတယ်။ သူဆေးရုံမှာ ဆေးကုသနေတုန်း၊ သူ့ကို Kevin Costner က CIA အတွက် အလုပ်လုပ်ပေးဖို့ လာပြီး စည်းရုံးပါတယ်။
သူတို့ရဲ့အစီအစဉ်ကတော့ Jack ကို London မှာကျောင်းဆက်တက်ပြီး Ph.D ရအောင် လုပ် ပြီးရင် Wall Street မှာ အလုပ်ဝင်လုပ်ပြီး၊ Terrorist တွေရဲ့ ငွေကြေးတွေ ရင်းနှီးမြုပ်နှံမှုတွေ၊ မသင်္ကာဖွယ် တွေတွေ့ရင် အစီရင်ခံဖို့ဖြစ်ပါတယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက်မှာတော့ ရုရှားက အမေရိကားကို စီးပွားရေး အရ တိုက်ခိုက်ဖို့ကြံစည်လာပြီး၊ အမေရိကားရဲ့ Stock Market ကို ပြိုလဲအောင် လုပ်ဖို့ အကြံအစဉ်ကို Jack က သိရှိသွားပြီးတဲ့နောက်မှာတော့ သူတို့ ဘယ်လို ကြိုးစားပြီး ကာကွယ်မလည်း ဆိုတာကို သမရိုးကျ အက်ရှင်ကားတွေအတိုင်းပဲ တင်ဆက်ပေးထားပါတယ်။
ဇာတ်လမ်းအစမှာ တော်တော် လေးစိတ်ပျက်ဖို့ကောင်းပေမယ့် ဇာတ်လမ်း အရှိန်ရလာတဲ့အမျှ စည်းချက် မှန်လာပြီး စိတ်ဝင်စားဖို့ကောင်းလာသလို၊ ဇာတ်ကားတစ်ဝက်မှာတော့ အက်ရှင်ကားကောင်း တစ်ကား၊ စပိုင် ကားကောင်းတစ်ကားအဖြစ် ပြောင်းသွားပြီး၊ ဇာတ်ကားကောင်း တစ်ကားဖြစ်စေခဲ့ပါတယ်။
ရုပ်ရှင်အညွှန်း #ရုပ်ရှင်မိတ်ဆက်
[GENRE]:……………………….… .:) Action, Crime,Thriller
[FILE SIZE]:…………………….….:) 801 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 51 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
thus Article Jack Ryan: Shadow Recruit (2014)
that is all articles Jack Ryan: Shadow Recruit (2014) This time, hopefully can provide benefits to all of you. Okay, see you in another article posting.
You now read the article Jack Ryan: Shadow Recruit (2014) with the link address https://allfilmthere.blogspot.com/2017/08/jack-ryan-shadow-recruit-2014.html
0 Response to "Jack Ryan: Shadow Recruit (2014)"
Post a Comment