Title : The Italian Job (2003)
link : The Italian Job (2003)
The Italian Job (2003)
ဆိုတဲ့ စကားလုံးလေးကတော့ ဇာတ်ကားပြီးတဲ့အထိ စိတ်ထဲစွဲကျန်နေတာပါ။ နောက်ကြုံတိုင်း ဆင်ခြင်မိတာက မင်းကိုတော့ ယုံပါတယ်ကွာ မင်းရဲ့လောဘကိုပဲ မယုံတာပါလို့ စိတ်ထဲမှာ ပြောကြည့်မိပါတယ်။ ဒီလို အပြောမျိုးတွေပဲ ပါတဲ့ တော်ကီများတဲ့ ဇာတ်ကား လုံးဝမဟုတ်ကြောင်းကိုတော့
world Stunt Award(2014) အပြင် အခြားဆု ၇ ဆု ရရှိခဲ့တာက သက်သေပြနေပါတယ်။
ဒီကားမှာ မမေ့နိုင်ဆုံးအခန်းကတော့ Mini Cooper ကားလေး ၃ စီးနဲ့ ပြေးတဲ့အခန်းပါပဲ။
အဲဒီ Mini Cooper သုံးစီးမှာ ၂ စီးက လျှပ်စစ်စွမ်းအင်သုံးအမျိုးအစားဖြစ်ပြီး ၁ စီးက Mini Cooper S အမျိုးအစားဖြစ်ပါတယ်။
Los Angles မြို့ရဲ့ မြေအောက်လမ်းစနစ်က လောင်စာသုံး ဘီးတပ်ယာဉ်များကို အသုံးပြုဖို့ ခွင့်မပြုလို့ပါတဲ့။
ရုပ်ရှင် တစ်ကားလုံးအတွက် ကား ၃၂ စီး အသုံးပြုခဲ့ရပါတယ်။
Transporter မင်းသားလို့ လူသိများတဲ့ အက်ရှင်မင်းသား Jason Statham က ဒီဇာတ်ကားမရိုက်ခင် အထူးကားမောင်းပြကွက်တွေအတွက် ဗြိတိန် Formula 1 ချန်ပီယံဟောင်း Damon Hill ဆီက ကားမောင်းနည်း ကျူရှင် ထပ်ယူခဲ့ရသေးတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။
အဲလို ကားမောင်းကြတဲ့ သရုပ်ဆောင်အဖွဲ့တွေထဲမှာ မင်းသမီး Charlize Theron က အတော်ဆုံးပါပဲ။
ဘယ်လောက်တောင် တော်လဲဆိုတော့ ဇာတ်ကားရိုက်ကူးနေစဉ်ကာလမှာ သက်မှတ်မိုင်နှုန်းထက် အမြန်မောင်းမှုနဲ့ ၂ ကြိမ် ဒဏ်ရိုက်ခံရလို့ပါပဲ။ ရိုက်ကူးရေးမှာ မောင်းနှင်ရတာ အရမ်းမြန်တဲ့အတွက် အိမ်ကို ဖြေးဖြေးမောင်းပြီး မပြန်တက်တော့ဘူးလို့ ပြောလိုက်ပါသေးတယ်။
လိုက်တမ်းပြေးတမ်း နဲ့ ပညာသားပါပါ ဓါးပြတိုက်တာတွေကို ထည့်သွင်းရိုက်ကူးထားတဲ့ ကားကောင်းဖြစ်တာကြောင့် ပြန်ကြည့်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါကြောင်း......
#flim2mm
[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime,Thriller
[FILE SIZE]:…………………….….:) 802 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 51 mins
[Fixed By]:……………………..:) Wai Lin Kyaw
thus Article The Italian Job (2003)
that is all articles The Italian Job (2003) This time, hopefully can provide benefits to all of you. Okay, see you in another article posting.
You now read the article The Italian Job (2003) with the link address https://allfilmthere.blogspot.com/2017/08/the-italian-job-2003.html
0 Response to "The Italian Job (2003)"
Post a Comment